နမ္မတူ  ၁၉  ဇူလိုင်

 

ပြန်ကြားရေးဝန်ကြီးဌာနက အခမဲ့ထုတ်ဝေဖြန့်ချိသည့် (၇၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရစာအုပ်များကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ (၇၃)နှစ်မြောက် အာဇာနည်နေ့ အမှတ်တရစာအုပ်ထဲတွင် အာဇာနည်(၉)ဦး အကြောင်း၊ ၁၃ ဇူလိုင် ၁၉၄၇ ခုနှစ်တွင်  ရန်ကုန်မြို့၊ မြို့တော်ခန်းမ တိုင်းပြုပြည်ပြုလွှတ်တော် အစည်းအဝေး၌ နောက်ဆုံးပြောကြားသော ဖဆပလ ဥက္ကဌ ဦးအောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်၊ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည်၏ အမှာစကား၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နုမိန့်ခွန်း၊ ဆရာဇော်ဂျီ၊ ဆရာတင်မိုးတို့၏ ကဗျာများ ပါဝင်သော အာဇာနည်နေ့ အမှတ်တရစာအုပ်များကို မြို့မဈေး၊ ယာယီပျံကျဈေး၊ အခြေခံပညာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

 လူမော်(ပြန်/ဆက်)