နမ္မတူ နိုဝင်ဘာ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကွင်းဆက်ပြတ်တောက်ပြီး အမြန်ဆုံး ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက်ခံရမှု လျော့ကျစေရေးရည်ရွယ်၍ မြို့နယ်အတွင်း အကြောင်းအမျိုးမျိုးကြောင့် အိမ်ပြင်ထွက်သွားလာလျက်ရှိသည့် ပြည်သူများအား  ကိုဗစ်ပိုးရှိ/မရှိ RDT Test Kit ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ()နာရီအချိန်က နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်ရှိ မြို့မဈေးအနီးနှင့် (၃၂)မိုင်တံတားထိပ်လမ်းဆုံ၌  ဆောင်ရွက်သည်။

 

နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်အထိ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ ၇၄၅ဦးရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၆၈၇ဦးရှိကာ၊ ၂၃ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲပိုးတွေ့လူနာ ၃၆ဦးရှိကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)