နမ္မတူမြို့နယ်၌ အခြေခံပညာ ကျောင်းသားကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

နမ္မတူ       ဇွန်       ၁၅

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဇွန် ၁၅ ရက် နံနက်ပိုင်းမှစတင်၍ နမ္မတူမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ အသက် ၅ နှစ်မှ ၁၂ နှစ်ရှိ ကျောင်းသားကျောင်းသူများအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ သိရသည်။

 

နမ္မတူမြို့နယ်တွင် ဇွန် ၈ ရက်နေ့မှစတင်၍ အသက် ၅ နှစ်မှ ၁၂ နှစ်ရှိ ကျောင်းသားကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ဇွန် ၁၅ ရက် နံနက်ပိုင်းအထိ ကျောင်းသား ကျောင်းသူ ၈၀၀ အား ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းထံမှ သိရသည်။

 

လူမော်(ပြန်/ဆက်)