နမ္မတူ ၄ ဖေဖော်ဝါရီ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းဆိုင်ရာအထောက်အကူပြု အခြေခံ ပန်းရံနှင့် လက်သမား သင်တန်းဖွင့်ပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့သည်။

 

963

 

ရှေ့ဦးစွာ သင်တန်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နမ္မတူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က အမှာစကား ပြောကြားပြီး နမ္မတူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစိုင်းဆိုင်လှိုင်းက အမှာစကား ပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်နှင့် အညီ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးလုပ်ငန်းစဉ်များကို အထောက်အကူပြုစေရန်အတွက် ယခုလို အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ ယခုဆိုလျှင် အဆိုပါသင်တန်းမျိုး နမ္မတူမြို့နယ်တွင် (၅)ကြိမ်ဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

963

 

၎င်းနောက် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု အခြေခံပန်းရံ/လက်သမား သင်းတန်း သင်ထောက်ကူပစ္စည်းများအား တာဝန်ရှိသူများက အသီးသီး ပေးအပ်ခဲ့သည်။

 

အဆိုပါ သင်တန်းအား လွယ်ဟိန်းခမ်း ကုမ္ပဏီ (လာရှိုး)မှ အင်ဂျင်နီယာ မမိုးသူဇာအောင်က ပို့ချသင်ကြား ပြသပေးသွားမည်ဖြစ်ပြီး သင်တန်းသား (၂၅)ဦးရှိကာ သင်တန်းကာလမှာ တစ်လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)