နမ္မတူ ၊ ၈ ဒီဇင်ဘာ
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နမ္မတူမြို့နယ်အတွင်းရှိ စားသောက် ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား (Take away) စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခြင်းကို ဒီဇင်ဘာ (၈)ရက် နံနက် (၉)နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာ ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည် ဆိုင်များသို့ သွားရောက်ကာ (Take away) ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး၊ (Take away)ပါဆယ်စနစ်ဖြင့်ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချစေရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းထံက သိရှိရပါသည်။
လူမော် (ပြန်/ဆက်)


