နမ္မတူ ၅ နိုဝင်ဘာ

စိမ်းလန်းဘဝ လူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)၊ (Medecins Sans Frontieres) နှင့် (Christian aid) အဖွဲ့တို့ ပူးပေါင်း၍ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ခြင်းသင်တန်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ တရုတ်ဘုံကျောင်းခန်းမ၌ ယနေ့နံနက် (၉) နာရီက စတင်ဖွင့်လှစ်ခဲ့သည်။

ရှေ့ဦးစွာ ဦးအောင်ဇော်ဝင်း (ဒါရိုက်တာ)၊ (GLAD)အဖွဲ့က စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့ခြင်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး သင်တန်းအား ဒေါက်တာ ခိုင်သဉ္ဇာကျော်၊ ဒေါက်တာ စိုင်းလှမောင်အောင် (နယ်စည်းမခြား ဆရာဝန်များအဖွဲ့) နှင့် ဒေါ်စန္ဒီကျော် (Christian aid) အဖွဲ့တို့က ပို့ချပေးသွားမည် ဖြစ်သည်။           

အဆိုပါသင်တန်းအား မြို့နယ်တွင်း ပရဟိတအဖွဲ့ဝင်များအား နိုဝင်ဘာ ၅ ရက်နေ့တွင်လည်းကောင်း၊ ကျေးရွာရှိ ပရဟိတအဖွဲ့ဝင်များအား နိုဝင်ဘာ ၆ ရက်နေ့တွင်လည်းကောင်း၊ မန်တုံမြို့နယ်ရှိ ပရဟိတအဖွဲ့အဖွဲ့ဝင်များနှင့် ကြူဆော့ (Camp) ရှိ ပရဟိတအဖွဲ့ဝင်များ နိုဝင်ဘာ ၇ ရက်နေ့တွင်လည်းကောင်း သက်တန်းပို့ချ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဦးအောင်ဇော်ဝင်း (ဒါရိုက်တာ) (GLAD)အဖွဲ့ထံမှ သိရသည်။            

လူမော် (ပြန်/ဆက်)      

IMG_20191105_111305