နမ္မတူ   ၁၃ မေ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နမ္မတူမြို့နယ်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်‌ရေးနှင့် အရေးပေါ် တုံ့ပြန်နိုင်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းနှင့် အလှူငွေ‌ပေးအပ်ခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

 

ကျန်မာရေးသုံး ပစ္စည်းနှင့် အလှူငွေများပေးအပ်ရာတွင် မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး အစုအဖွဲ့ (MCPWC) အရပ်ဘက်အဖွဲ့အစည်းမှ Mask ၁၂၀ဝ၊ လက်သန့်ဆေးရည် (၁၀)လီတာ (၃)ပုံး၊ ကာဘော်လိပ်ဆပ်ပြာ (၁)ဖာနှင့် အလှူငွေကျပ် ၅၇၇၅၀ဝ အား နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုး နှင့် တာဝန်ရှိသူများ လက်ဝယ်သို့ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

       

လူမော် (ပြန်/ဆက်)