နမ္မတူ ၁၆ မတ်

 

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ္မတူမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပခဲ့သည်။

 

ဆွေးနွေးပွဲတွင် နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်သူနာပြုအဆင့်(၁) ဒေါ်နန်းမြနွယ်က COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအား အသိပညာပေး ဟောပြောခဲ့သည်။

 

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက သိရှိလိုသည်များအား မေးမြန်း ဆွေးနွေးခဲ့ရာ မြို့နယ်သူနာပြုအဆင့် (၁) ဒေါ်နန်းမြနွယ်က ပြန်လည်ဖြေကြားဆွေးနွေးခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ  COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသခဲ့ကြောင်း သိရသည်။

 

အဆိုပါအသိပညာပေး ဟောပြောပွဲကို နမ္မတူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)