နမ္မတူ ၅ ဇွန်
မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးသုံးပစ္စည်းနှင့် အလှူငွေ လှူဒါန်းခြင်းကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့သည်။
အဆိုပါ ကျန်းမာရေးသုံးပစ္စည်းများနှင့် အလှူငွေများ လှူဒါန်းရာတွင် အပူချိန်တိုင်းကိရိယာ (၆)ခု၊ လက်ဆေး ဆပ်ပြာခဲ (၂၄၀)ခဲ၊ Hand-Speaker (၂)ခု၊ နှာခေါင်းစည်း (၁၀၀)ခု၊ လက်အိတ် (၂)ခုနှင့် အလှူငွေ ၁၆ သိန်း ၃ သောင်းအား နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထက်အောင်ဖြိုးနှင့် တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထက်အောင်ဖြိုးနှင့် တာဝန်ရှိသူများက အလှူရှင် မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


