နမ္မတူ ၁၁ နိုဝင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စု၊ နယ်မြေ (၇)တွင် စက်တင်ဘာလ (၁၃)ရက်နေ့တွင် လက်လုပ်မိုင်းထိပြီး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သော လူနာအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို နိုဝင်ဘာလ (၁၀)ရက် နံနက် (၁၀)နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်က မန်စံကျေးရွာအုပ်စု၊ နယ်မြေ (၇)တွင် လက်လုပ်မိုင်းထိပြီး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သော လူနာအတွက် ပြန်လည်ထူထောင်ရေးထောက်ပံ့ငွေကျပ် (၂၀၀၀၀၀) အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
လူမော် (ပြန်/ဆက်)


