နမ္မတူ ဇွန် ၂၇
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စုအတွင်းရှိ မီးဘေးသင့် ပျက်စီးခဲ့သည့် လူနေအိမ် (၆၅) လုံးအတွက် ပြန်လည်ထူထောင်နိုင်ရေး ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် တာဝန်ရှိသူများက မီးဘေးသင့် ပျက်စီးခဲ့သည့် လူနေအိမ် (၆၅) လုံးအတွက် ပြန်လည်ထူထောင်နိုင်ရေးထောက်ပံ့ငွေ တစ်အိမ်လျှင် ငွေကျပ် (၂) သိန်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် သိန်း (၁၃၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇွန်လ (၂၅) ရက်တွင် နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စုအတွင်းရှိ မီးဘေးသင့် ပျက်စီးခဲ့သည့်နေအိမ် (၅၀) လုံးအတွက် ပြန်လည်ထူထောင်နိုင်ရေး ထောက်ပံ့ငွေ တစ်အိမ်လျှင် ငွေကျပ် (၂) သိန်းကျပ်နှုန်းဖြင့် ငွေကျပ်သိန်း (၁၀၀) ကျပ်အားလည်းကောင်း၊ ယနေ့နံနက်ပိုင်းတွင် ချောင်းဆာကျေးရွာ အုပ်စုအတွင်းရှိ မီးဘေးသင့် ပျက်စီးခဲ့သည့်နေအိမ် (၆၅) လုံးအတွက် ပြန်လည် ထူထောင်နိုင်ရေးထောက်ပံ့ငွေ တစ်အိမ်လျင် ငွေကျပ် (၂) သိန်းကျပ်နှုန်းဖြင့် ငွေကျပ်သိန်း (၁၃၀) ကျပ်အားလည်းကောင်း စုစုပေါင်း မီးဘေးသင့်နေအိမ် (၁၁၅) လုံးအတွင် ငွေကျပ်သိန်း (၂၃၀)ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ သိရှိရသည်။
လူမော် (ပြန်/ဆက်)


