နမ္မတူ ၂၉ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဧပြီလ (၂၃)ရက်နေ့တွင် မီးဘေးသင့် ပျက်စီးသွားသော နေအိမ် (၂)လုံးအတွက် ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက်(၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းနှင့် တာဝန်ရှိသူများက ပန်ချင်ကျေးရွာအုပ်စု မိုက်ဟုန်းကျေးရွာရှိ မီးဘေးသင့် ပျက်စီးသွားသော အမျိုးသမီး(၁)ဦးနေ အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉)မျိုးပါ ပုံးတစ်ပုံး၊ ဆန်ရိက္ခာ (၂၁၀ဝ)နှင့် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀ဝ၀ဝ၀)အား လည်းကောင်း၊ ကျား (၂)၊ မ(၁) အိမ်ထောင်စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၀)မျိုးပါ ပုံးတစ်ပုံး၊ ဆန်ရိက္ခာ (၆၃၀ဝ)နှင့် အိမ်ဆောက် ပစ္စည်းတန်ဖိုး ငွေကျပ် (၁၀ဝ၀ဝ၀)အားလည်းကောင်း း ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


