နမ္မတူ၊  ၂၄  ဇန်နဝါရီ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၌ မန်ပန်၊ နားနကျေးရွာကုန်ထုတ်လမ်းနှင့် နမ့်ကန်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၃ ရက်က  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးစိုင်းဆိုင်လှိုင်းနှင့် ဝန်ထမ်းများက ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မန်ပန်ကျေးရွာတွင် (၁/၃)မိုင်ရှိ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် နားနကျေးရွာ ကုန်ထုတ်လမ်းပေါ်ရှိ ပေ(၂၀)ကွန်ကရစ်တံတား ဆောက်လုပ်ခြင်းလုပ်ငန်း၊ ပြည်ထောင်စု(မွမ်းမံ)ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော နမ့်ကန်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း (၀/၄)မိုင် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နမ္မတူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအတွင်း ပေ(၄၀၀) စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)