နမ္မတူ ၂၆ နိုဝင်ဘာ
ထူးချွန်ထက်မြက်သော ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မူလတန်းနှင့် အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည် ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အဆိုပါ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၉)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၄၇)ဦး၊ စုစုပေါင်း (၆၆)ဦး ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်းမြင့်နှင့် ကျောင်းအုပ် ဆရာကြီး/ဆရာမကြီးများက ကြီးကြပ်၍ နံနက်ပိုင်းတွင် ရေးဖြေစာမေးပွဲ ကျင်းပကာ မွန်းလွဲပိုင်းတွင် နှုတ်ဖြေစာမေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


