နမ္မတူ၊ ၃ ဇွန်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ  နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၃၇)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ဇွန် ၂ ရက်က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့သို့ လူမှုရေးပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ စာရေးများနှင့် တာဝန်ရှိသူများက အဖွဲ့ခွဲပြီး နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ နေထိုင်ရာနေရာတွေအထိ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။  

အဆိုပါ လူမှုရေးပင်စင်ထောက်ပံ့ငွေများမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ၊ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဒုတိယသုံးလပတ်အတွက် တစ်လလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) (၃)လအတွက် နမ္မတူမြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း သက်ကြီးဘိုးဘွား (၁၃၇)ဦးအတွက်  ငွေကျပ် (၄၁၁၀၀၀၀) ကျပ်အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း နမ္မတူမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်ထံက သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)