နမ္မတူ   ၂၉  ဇွန်

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ် ရေး  အသိပညာပေး ဆောင်ရွက်ခြင်းကို  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကောင်းဟုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၁၀နာရီက လည်းကောင်း၊ ပန်လောက်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး နေအိမ်၌  နံနက်(၁၁) နာရီခွဲ အချိန်က လည်းကောင်း ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး အဖွဲ့ဝင် များဖြစ်ကြသော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာ ထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုဝေခိုင်၊ မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ခံ ဒေါ်မြတ်သူနှင်း၊ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်နှင့် ဆက်စပ်လူမှုရေးအသင်း အဖွဲ့တို့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပြီး ရေမလို လက်သန့်ဆေးရည် အသုံးပြုကာ လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်း ခုရေ (၁၀ဝ)၊ လက်ဆေးဆပ်ပြာခဲ (၁၀ဝ)၊ ဆပ်ပြာမှုန့်ထုပ် (၁၀ဝ) ၊ အသိပညာပေး လက်ကမ်းစာစောင် (၁၀ဝ) တို့ကို အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး ပိုစတာများကပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

လူမော် (ပြန်/ဆက်)