နမ္မတူ၊  ၁၆    ဒီဇင်ဘာ

 

နမ္မတူမြို့နယ်၌ ဒီဇင်ဘာ ၁၀ ရက်က နမ္မတူမြို့နယ် နားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သဖြင့် မိုင်းစင်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံပြည်သူ (၄)ဦးအား ဂရုဏာ လူမှုစည်းလုံး ညီညွတ်ရေးအသင်း (KMSS)မှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီခန့်က ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။

 

mdn

 

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS)ကိုယ်စား နမ္မတူမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ အောင်သူထက်နှင့် မြို့နယ်တိုက်ပွဲရှောင် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်တို့က နားဆိုင်းကျေးရွာအုပ်စု နမ့်ပိုင်ကျေးရွာမှ မိုင်းစင် ဒဏ်ရာရရှိသူ အမျိုးသမီး (၃)ဦး၊ အမျိုးသာ (၁)ဦး စုစုပေါင်း (၄)ဦးအတွက် (၁)ဦးလျှင် ငွေကျပ် ၁၅၀ဝ၀ဝ နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၆၀ဝ၀ဝ၀)အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

လူမော်(ပြန်/ဆက်)