နမ္မတူ ၊ ၁၁ ဒီဇင်ဘာ

နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု၊ နမ့်ပိုင်ကျေးရွာအနီးတွင်  ဒီဇင်ဘာ (၁၀)ရက်က တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မိုင်းစင်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည့် ဒေသခံပြည်သူ (၄)ဦးအား ထောက်ပံ့ ပေးအပ်ခြင်းကို ဒီဇင်ဘာလ (၁၁)ရက် မွန်းလွဲ ၂ နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံပေးအပ်သည့် ထောက်ပံ့ငွေများ အား နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှုး ဦးမျိုးမင်းဇော်နှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းတို့က နားဆိုင်း ကျေးရွာအုပ်စု နမ့်ပိုင်ကျေးရွာမှ မိုင်းစင်ဒဏ်ရာရရှိသူ အမျိုးသမီး (၃)ဦး၊ အမျိုးသာ (၁)ဦး စုစုပေါင်း (၄)ဦးအတွက် (၁)ဦးလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ်  ၂၀၀၀၀၀ အား လည်းကောင်း၊ မြို့နယ်တိုက်ပွဲရှောင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်နှင့် ဒေါ်လွေးဇာဇာဝင်းတို့က စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအသင်း (Glad)မှ ထောက်ပံ့သည့် တစ်ကိုယ်ရည်သုံးပစ္စည်း အမျိုး (၂၀) ပါ (Hygiene Kit) (၄)အိတ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)