နမ္မတူ၊ ၁၉ မေ
မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းနှင့် စေတနာရှင်များက နမ္မတူမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်၊ အဝတ်အထည်နှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ မေ ၁၈ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းရာတွင် နမ္မတူမြို့နယ် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းနှင့် စေတနာရှင်များက နမ္မတူမြို့နယ် ပန်သပြေ(တောင်)၊ မန်မိုင်၊ ကောင်းဟုန်း၊ လေလု၊ နားလေ၊ မန်ဟောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့ရှိ ယာယီတိုက်ပွဲရှောင်ပြည်သူ (၁၃၅၀)ဦးတို့အတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ဟင်းသီးဟင်းရွက်အစုံ၊ အဝတ်အထည်များနှင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


