နမ္မတူ ၁၃ ဇူလိုင်        


    
မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီး၍ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓါတ်ပုံ၊ စာအုပ်စာတမ်းပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နားကျဲကျေးရွာရှိ အ.မ.ကကျောင်း၌ ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

 

ရှေးဦးစွာ နမ့်တောင်ကုန်းကျေးရွာ အ.မ.က ကျောင်းမှ ဆရာ ဦးမင်းသက်ထွန်းက အမှာစကားပြောကြားခဲ့ပြီး နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ချစ်ချစ်ပိုင် (စာ/ထောက်-၃)က အာဇာနည် ခေါင်းဆောင်ကြီးများ၏ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အကြောင်းအားလည်းကောင်း၊ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သိမှတ်ဖွယ်ရာများအား အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကို အာဇာနည်နေ့နှင့် ပတ်သက်သည့် မေးခွန်းများအား ဖြေကြားစေခဲ့ပြီး ဖြေဆိုနိုင်သူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

 

ထို့နောက် (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်၊ ဓါတ်ပုံ၊ စာအုပ်စာတမ်းပြပွဲများ ခင်းကျင်းပြသဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

လူမော်(ပြန်/ဆက်)