နမ္မတူမြို့နယ်တွင် အသက် (၄၀)နှစ်နှင့်အထက် ပြည်သူ ၁၅၀ အား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထပ်မံထိုးနှံပေး

နမ္မတူ   မေ  ၆

          

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွား မှုမရှိစေရေးအတွက် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့တွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် (၄၀)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၁၅၀ အား တတိယအကြိမ်    ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေး (Booster Does)များ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ သိရသည်။

           

အဆိုပါ ကာကွယ်ဆေးထိုးနှံရာနေရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အနီးကပ်ကြီးကြပ်လျက်  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက  ဆေးထိုးရန်လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ စာရင်းအချက်အလက်များ ကောက်ယူပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများအား (၁၅)မိနစ်ခန့်အနားယူစေခြင်း တို့ကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

           

နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်‌ဆေးထိုးနှံပြီးသည့် အသက် (၁၈)နှစ်နှင့်အထက် ပြည်သူ (၂၃၂၅၆)ဦးရှိပြီး ရာနှုန်းပြည့် ကာကွယ်ဆေးလွှမ်းခြုံနိုင်ရေးအတွက် ယခုလို တတိယအကြိမ် ကိုဗစ်-၁၉ရောဂါ အပိုဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။      

 

လူမော် (ပြန်/ဆက်)