နမ္မတူ ၉ ဇူလိုင်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လွှတ်တော်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော နမ္မလချောင်းကူးကြိုးတံတားအား ဇူလိုင်လ (၈)ရက်နေ့တွင် ပြင်ဆင်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
အဆိုပါ နမ္မလချောင်းကူးကြိုးတံတားမှာ နမ္မတူမြို့နယ်တွင်းရှိ ပန်ဟိုက်ရပ်ကွက် (၄)နှင့် ပန်ဟိုက်ရပ်ကွက် (၁၀)အား ဆက်သွယ်ထားသော နမ္မလချောင်းကူးကြိုးတံတားဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လွှတ်တော်ခွင့်ပြုရန်ပုံငွေကျပ် (၁၆)သိန်းဖြင့် ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းထံမှ သိရသည်။
၎င်းနမ္မလချောင်းကူးကြိုးတံတာလေး ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုကြောင့် ဒေသခံပြည်သူများ ပျော်ရွှင်နေကြောင်းနှင့် သွားရေးလာရေး အဆင်ပြေစေမည်ဖြစ်ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


