နမ္မတူ   နိုဝင်ဘာ

 

          

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်()အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ယနေ့နံနက်  (၈)နာရီခန့်က စတင်ကာ ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ်ပန်းခင်းများဆီသို့ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်ကာကွယ်ဆေး ထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိသည်။

 

           

အဆိုပါ ကိုဗစ်ကာကွယ်ဆေးထိုးနှံနေမှု အခြေအနေအား စစ်ဗျူဟာ (နမ္မတူ)မှ ဗိုလ်မှူးကြီး ကျော်ဇေဝင်း၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ကျော်ဇောအောင်၊ မြို့နယ်ပညာရေးမှူး ဦးစောဝင်းထွေး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ ကာကွယ်ဆေးထိုးနှံလျက်ရှိသည့် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ကျောင်းသူများအား အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

 

ထိုသို့ ထိုးနှံပေးရာတွင် Sinovac အမျိုးအစားကာကွယ်ဆေး တစ်လုံးလျှင် ၂ဦးနှုန်းဖြင့်၊ အောက်တိုဘာလ (၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့တို့တွင် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူ ၃၃၆ဦးအား လည်းကောင်း၊ ယနေ့တွင် အသက် (၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်းသူ ၃၅၀ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ စုစုပေါင်း ကျောင်းသား/ကျောင်းသူ ၆၈၆ဦးအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးပြီဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား/ကျောင်းသူ ၂၂၀ဦးအား နောက်ရက်တွင် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း   မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

 

ထို့အပြင် ကာကွယ်ဆေးထိုးနှံရာ‌နေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှ  ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်နှင့် သူနာပြုများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် ပရဟိတအသင်းအဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 

လူမော် (ပြန်/ဆက်)