ရန်ကုန်  ၁၆ မတ်

 

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းကို မတ် ၁၄ ရက် နံနက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေး၌ ပြုလုပ်ခဲ့သည်။

 

345

 

ဟောပြောရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနွေးအိအိလှိုင်က COVID-19 လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်သည့်  ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် လက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများအပြင် လက်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးကြောနည်းများ၊ Mask တပ်ဆင်အသုံးပြုနည်းများကို ဈေးသူဈေးသားများအား ရှင်းလင်းပြောကြားခဲ့သည်။ 

 

69

 

ဟောပြောပွဲသို့ ဈေးသူဈေးသား ၄၅ ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့သည်။ 

 

6a

 

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဈေးအတွင်းရှိ ဈေးသူဈေးသားများနှင့် ဈေးဝယ်သူများအား COVID-19 နှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး လူအများမြင်သာသည့် နေရာများတွင် ပိုစတာများကပ်၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နေထက်အောင်