ရန်ကုန်  ၂၇  အောက်တိုဘာ

နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီး၏ (၅၈) ကြိမ်မြောက် ပျော်ပွဲရွှင်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ် အမှတ်(၂၁) ကမ္ဘာအေးဘုရားလမ်းရှိ ရိပ်သာကြီးဝင်းအတွင်း ဒီဇင်ဘာ ၇ ရက်တွင် မွန်းလွဲ ၃ နာရီမှ ည ၁၁ နာရီအထိ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ပျော်ပွဲရွှင်ပွဲနိဗ္ဗာန်ဈေးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီက နှင်းဆီကုန်းဘိုးဘွားရိပ်သာ မြန်မာ့အလင်းဦးတင် အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သည်။

ပွဲတော်ကာလအတွင်း လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ ကျောင်းများ၊ စေတနာရှင်များနှင့် အလှူရှင်များက နိဗ္ဗာန်ဈေးဆိုင်ခန်း ၈၅ ဆိုင်ဖွင့်၍ မြန်မာ့ရိုးရာစားသောက် ဖွယ်ရာများ၊ ရှမ်းအစားအစာ၊ ကိုရီးယားအစားအစာ၊ အဝတ်အထည် နှင့် လူသုံးကုန်ပစ္စည်းများ၊ ကလေးကစားစရာ၊ အိမ်သုံးဆေးဝါး၊ အလှကုန်နှင့် လက်ဆောင်ပစ္စည်းများ ရောင်းချ၍ ဘိုးဘွားရိပ်သာရှိဘိုးဘွားများအတွက် လှူဒါန်းကြမည်ဖြစ် ကြောင်း သိရသည်။

ပျော်ပွဲရွှင်ပွဲတွင် Five Star အငြိမ့်အဖွဲ့ဖြင့် ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအထိ ကပြဖျော်ဖြေမည်ဖြစ်ပြီး ဝင်ကြေးမှာ ကလေး၊ လူကြီး တစ်ဦးလျှင် ငွေကျပ် ၃၀၀ ဖြစ်သည်။

မြန်မာ့အလင်း