သုံးခွ  ၁၈  အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီးသုံးခွမြို့နယ် နန်းခလဲစံပြကျေးရွာတွင် ကိုရီးယားနိုင်င KOICA အဖွဲ့၏ ကူညီထောက်ပံ့မှုဖြင့် ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို လုပ်ငန်းစဉ်သုံးရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သောဝင်ငွေတိုးပွားရေးလုပ်ငန်းစဉ် အစီအစဉ်မှချေးငွေရယူ၍ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသော ကိုမိုးဆောင်း၏ ဝက်ခြံတွင်အောက်တိုဘာလ ၁၇ ရက်မွန်းတည့် ၁၂ နာရီက တစ်လ ၂၆ ရက်သား(စီပီ)ဝက်သားပေါက်(၁၀)ကောင်အား ဝက်ဝမ်းကျရောမဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများ ထိုးနှံခဲ့ကြောင်း သိရှိရသည်။

ကျော်ဆန်း