အင်္ဂပူ၊  ဇူလိုင်  

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ နန်ကသူဆည်ရေလှောင်တမံ၌ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို အမှတ်() တပ်မတော် တန်းမြှင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး၊ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နန်ကသူဆည်ရေလှောင်တမံမှ တာဝန်ရှိသူများက ဟင်္သာတ ငါးလုပ်ငန်းစခန်းမှ မျိုးကောင်းမျိုးသန့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၁၅၀၀၀၀) ကို စိုက်ထည့်ခဲ့ကြောင်း သိရသည်။

ငါးမျိုးစိုက်ထည့်ပေးခြင်းကြောင့် ဒေသခံပြည်သူများ ရေရှည်စဉ်ဆက်မပြတ် စားသုံးနိုင်ရန်၊ ငါးသယံဇာတများ ပေါများလာစေရန်၊ ငါးထုတ်လုပ်မှုများ တိုးတက်လာစေရန်၊ ငါးမျိုးမပြုန်းတီးစေရန် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်ထံမှ သိရသည်။

မန်းကျော်(ပြန်/ဆက်)