နည်းပြဟွန်မြောင်ဘိုသည် တောင်ကိုရီးယားအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့် တက်လှမ်းခွင့် လွဲချော်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်သွားပြီ ဖြစ်သည်။ အုပ်စုအဆင့်မှ နုတ်ထွက်ခဲ့ရမှုကြောင့်  တောင်ကိုရီးယားနိုင်ငံတွင်  အသင်းအပေါ်  ပြစ်တင်ဝေဖန်မှုများ  ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လျက်ရှိသည်။ သမ္မတ လီဂျေမြောင်ကလည်း အသင်း၏ စိတ်ပျက်ဖွယ်ရာ စွမ်းဆောင်ရည်များ၏ နောက်ကွယ်မှ အကြောင်းအရင်းများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုထားသည်။

မိုးဇက်