ဝါရှင်တန် ၂၉ ဇန်နဝါရီ

အမေရိကန်အာဏာပိုင်များသည် တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးကို ရာဇဝတ်မှုစ ွပ်စွဲချက်ဖြင့် အမှုဖွင့်ခဲ့ပြီး ဟွာဝေးမှ ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲ နှင့် အဖွဲ့ဝင်များကို အမှုဖွင့်ခဲ့သည်။

အမေရိကန်တရားရေးဌာနသည် ဟွာဝေးကုမ္ပဏီမှ ဘဏ္ဍာရေးအကြီးအကဲလည်းဖြစ်၊ ဟွာဝေးကုမ္ပဏီ တည်ထောင်သူ၏ သမီးလည်းဖြစ်သူ မန်ဝမ်ကျို့ကို စွဲချက်ပေါင်း ၁၃ ချက်ဖြင့် အမှုဖွင့်ထားသည်။ နောက်ထပ်နှစ်ဦးကိုလည်း အီရန် အပေါ် အမေရိကန်၏ ပိတ်ဆို့မှုကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုထားသည်။

နယူးယောက်မှ အစိုးရရှေ့နေများသည် ဟွာဝေးကုမ္ပဏီနှင့် အဆိုပါကုမ္ပဏီ မှ စီအက်ဖ်အိုဖြစ်သူ မန်ဝမ်ကျို့နှင့် ဆက်စပ်သူများကို လိမ်လည်မှု၊ အတု အယောင်လုပ်မှုနှင့် စွဲချက်တင်ခဲ့သည်။ ဆီယက်တယ်မှ အစိုးရရှေ့နေများသည် ဟွာဝေးကုမ္ပဏီမှ လူနှစ်ဦးကို ကုန်သွယ်ရေး လျှို့ဝှက်ချက်များ ခိုးယူမှုဖြင့် စွဲချက်တင်ခဲ့သည်။

အဆိုပါကုမ္ပဏီမှ အင်ဂျင်နီယာသည် တီမိုဘိုင်းဖုန်းမှ စမ်းသပ်ဆဲ စက်ရုပ်၏ ပုံနှင့်စက်ရုပ်အစိတ်အပိုင်းများကို ခိုးယူခဲ့သည်ဟု စွပ်စွဲခဲ့သည်။ အခြားသော စီးပွားရေးလုပ်ငန်းရှင်များထံမှ လျှို့ဝှက်ချက်များ ခိုးယူမှုအပေါ် မူတည်ပြီး ကုမ္ပဏီမှ ဝန်ထမ်းများကို အပိုဆုကြေး ငွေပေးကြောင်း စွပ်စွဲထားသည်။ အက်ဖ် ဘီအိုင် ညႊန်ကြားရေးမှူးက ဟွာဝေး ကုမ္ပဏီသည် ရည်ရွယ်ချက်ရှိရှိဖြင့် အမေရိကန်ကုမ္ပဏီများမှ သတင်း အချက်အလက်များကို ခိုးယူရန် စနစ် တကျ စီစဉ်နေကြောင်း တနင်္လာနေ တွင် သတင်းထောက်များကို ပြောသည်။

တရုတ်သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကမူ အမေရိကန်၏လုပ်ရပ်ကို ပြစ်တင်ဝေဖန်ထားပြီး ယခု စွပ်စွဲမှုများမှာ သက်သေမရှိဘဲ ပြုလုပ်နေသော စွပ်စွဲချက်များဖြစ် ကြောင်း ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ