နေပြည်တော်၊ ဇွန် ၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို ယနေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
ယနေ့တွင် နည်းပညာတက္ကသိုလ် (၃၅) ကျောင်း ကွန်ပျူတာတက္ကသိုလ် (၂၆) ကျောင်း၊ အစိုးရ နည်းပညာကောလိပ် (၄) ကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ (၃၁) ကျောင်း၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများ တစ်ပြိုင်နက်တည်း စတင်ဖွင့်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်