နေပြည်တော် နိုဝင်ဘာ၂၁
မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ များကိုအရင်းတည်၍ မိမိတို့ရည်မှန်းချက်ဖြစ်သည့် စွမ်းဆောင်ရည်မြင့်မားပြီး ဘက်စုံထူးချွန်သည့် အင်ဂျင်နီယာကောင်းများ ဖြစ်အောင် ကြိုးစားသွား ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း က ယနေ့ နံနက်ပိုင်းတွင် နည်းပညာတက္ကသိုလ် (လားရှိုး) သိပ္ပခန်းမ၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နည်းပညာတက္ကသိုလ် (လားရှိုး) မောင်/မယ်သစ် လွင်ကြိုဆိုပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် က နည်းပညာတက္ကသိုလ် (လားရှိုး)၂၀၂၂-၂၀၂၃ ပညာ သင်နှစ်မောင်/မယ်သစ်လွင်ကြိုဆိုပွဲအတွက် ချီးမြှင့်ငွေကျပ်(၁၀)သိန်း ပေးအပ်ပြီး နည်းပညာ တက္ကသိုလ် (လားရှိုး)ဒုတိယပါမောက္ခချုပ် ဒေါက်တာမျိုးမင်းဇော် က ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားသည်။
ယင်းနောက် နည်းပညာတက္ကသိုလ် (လားရှိုး) ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားအကများဖြင့် ဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ် က ဖျော်ဖြေရေးအဖွဲ့များကို ငွေကျပ် (၁) သိန်းစီ၊ မြန်မာရတနာရွှေခေတ်မန်း ကုမ္ပဏီလိမိတက် မန်နေဂျင်းဒါရိုက်တာက ငွေကျပ် (၅) သိန်း ချီးမြှင့်ပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် လားရှိုမြို့တော်ခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားရိုးရာ အစားအစာပြပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ပြပွဲတွင် တိုင်းရင်းသားရိုးရာအကများဖြစ်သော ရှမ်း၊ ‘ဝ’၊ ဗမာ၊ ကိုးကန့်၊ ပလောင်နှင့် မြောင်ဇီး တိုင်းရင်းသားအကများဖြင့် ကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ် က တိုင်းရင်းသားရိုးရာ အစားအစာပြပွဲတွင် ဝင်ရောက်ပြသခဲ့ကြသော တိုင်းရင်းသားအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေး အပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်