နည်းပညာတက္ကသိုလ် (သန်လျင်)၌ ဂျပန်-မြန်မာ စက်မှုနည်းပညာ ပံပိုးကူညီမှု သင်တန်း ဖွင့်လှစ်

ရန်ကုန် ၁၅ နိုဝင်ဘာ

 

ဂျပန်နိုင်ငံအစိုးရ စီးပွားရေး၊ စက်မှု၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီနှင့် ပင်လယ်ရပ်ခြား ကျွမ်းကျင်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်နှင့် စက်မှုလုပ်ငန်း တိုးတက်ရေး အဖွဲ့နှင့် နည်းပညာတက္ကသိုလ်(သန်လျင်)တို့ပူးပေါင်း စီစဉ်မှုဖြင့် နည်းပညာ ပံပိုးကူညီမှုသင်တန်း ဖွင့်ပွဲကို နိုဝင်ဘာ ၁၅ နံနက် ၉ နာရီက ယင်းတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Tateshi Higuchi နှင့် METI (Japan)မှ Deputy Director-General Mr. Haruhiko Ando တို့က ပံပိုးကူညီမှုသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ဆက်လက်၍ AOTS မှ Senior Managing Director Mr. Joji Tateishi က ကျောင်းသားကျောင်းသူ များအတွက် အထောက်အကူပြု သင်တန်းအပြင် သီလဝါအထူးစီးပွားရေးဇုန်တွင် ဆောင်ရွက်လျ က်ရှိသည့် ဂျပန်နိုင်ငံ၏ စက်ရုံများသို့ လေ့လာနိုင်ရန်၊ နည်းပညာအတွေ့အကြုံသစ်များ ဖလှယ်ရန် စီစဉ်ထားရှိမှုများနှင့် နည်းပညာအတွေ့အကြုံသစ်များဖလှယ်ရန် စီစဉ်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။

 

နည်းပညာတက္ကသိုလ်(သန်လျင်) အနေဖြင့် ဂျပန်-မြန်မာ ပံပိုးကူညီမှုသင်တန်းတွင် EP,EC,MC,MECH Major များမှ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦး တက်ရောက်မည်ဖြစ်ပြီး အခမ်းအနားအပြီးတွင် ဧည့်သည်တော်များသည် စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

 

သက်ခိုင် (သန်လျင်)