တောင်ငူ ဇူလိုင် ၁၆
တောင်ငူမြို့နည်းပညာတက္ကသိုလ် (တောင်ငူ) ဘက်စုံသုံးအားကစားခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပရာ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကားပြောကြားပြီး နည်းပညာ တက္ကသိုလ်(တောင်ငူ) ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က အားကစားပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
အားကစားပြိုင်ပွဲများတွင် အမျိုးသားဘောလုံး၊ ဖူဆယ်ဘောလုံး(မ)၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်ရိုက်အားကစားနည်း ငါးနည်းကို ဇူလိုင် ၁၆ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူ ၂၃၅ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)


