ဘားအံ ဇူလိုင် ၁၄
ရပ်ကွက်/ကျေးရွာနှင့်တိုက်နယ်များမှ ပြည်နယ်နှင့် နိုင်ငံဂုဏ်ဆောင်နိုင်မည့် ရွက်ပုန်းသီးအားကစား သမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပသော နည်းပညာတက္ကသိုလ်(ဘားအံ) ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၃ ရက်က ဘားအံနည်းပညာတက္ကသိုလ် မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
အဆိုပါ ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲသို့ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ် အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင် နီယာ၊ စက်မှုအင်ဂျင်နီယာ အစရှိ သော ဘာသာရပ်လေးခုမှ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ဘော်လီဘော၊ ကြက်တောင်ရိုက်၊ ပိုက်ကျော်ခြင်း အားကစားနည်းတို့တွင် ကျောင်းသား ကျောင်းသူ အားကစားသမား ၁၇၆ ဦးက ဇူလိုင် ၅ ရက်မှ ၁၃ ရက်အထိ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အီလက်ထရွန်နစ် အင်ဂျင်နီယာအသင်းနှင့် စက်မှုအင်ဂျင်နီယာအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးပြီး အဆိုပါပွဲစဉ်တွင် အီလက်ထရွန်နစ် အင်ဂျင်နီယာအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က မေဂျာပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ဘော်လီဘော ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ တို့တွင် ဆုရရှိကြသူများအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ဆုဖလားများကို ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မေဂျာပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော အီလက်ထရွန်နစ် အင်ဂျင်နီယာအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)