လွိုင်လင် ၁၉ ဩဂုတ် 

ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ လူကုန်ကူးမှုနှင့် သက်ငယ်မုဒိမ်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို  ယနေ့ နံနက် ၉ နာရီက လွိုင်လင်မြို့ရှိ နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် ကျင်းပကြောင်း သိရသည်။

 

3389

 

ဟောပြောပွဲတွင် အမှတ်(၁၅) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု တောင်ကြီးမှ ဒုရဲအုပ်ဖြိုးဝေနှင့် ဒုရဲမှူး မျိုးကိုကိုတို့က လူကုန်ကူးမှု အကြောင်းနှင့် လူကုန်ကူးမှုနှင့် ပတ်သက်၍ အရေးယူနိုင်သည့် ပုဒ်မများကိုလည်းကောင်း၊ ဒုရဲမှူး ကျော်ကိုကိုက သက်ငယ်မုဒိမ်းနှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အသိပညာပေး ဟောပြောခဲ့သည်။

 

3388

 

အခမ်းအနားတွင် ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းရွှေမြင့်နှင့် အဖွဲ့ဝင်များက လူကုန်ကူးမှုဆိုင်ရာနှင့် သက်ငယ်မုဒိမ်းမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာကြသူများအား ဖြန့်ဝေပေးခဲ့သည်။

 

3387

 

အခမ်းအနားသို့ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်းရွှေမြင့်နှင့် အဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်အေးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်နီထွေးနိုင်နှင့် အဖွဲ့ဝင်များ၊ နည်းပညာတက္ကသိုလ်(ပင်လုံ)နှင့် ကွန်ပျူတာတက္ကသိုလ်(ပင်လုံ)တို့မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မိုးလွင်ဦး(လွိုင်လင်)