၂ မေ

 

ထိုင်းနိုင်ငံရဲ့ ဘုရင်မဟာ ဗာဂျီယာလောင်ကွန်းဟာ သူ့ရဲ့ လေးယောက်မြောက်ကြင်ယာတော်ကို မိဖုရား စုသီတာ ဗာဂျီယာလောင်ကွန်းနာ အယုဒ္ဓယ လို့ ဘွဲ့တော်ပေးပြီး မိဖုရားမြှောက်ကြောင်း နန်းတက်ဘိသိက်ပွဲမတိုင်မီ မနေ့က ကြေငြာခဲ့ပါတယ်။ 

 

mdn

 

ဘန်ကောက်မြို့ရှိ ဒူးဇစ်နန်းတော်မှာ မနေ့က တရားဝင်လက်ထပ်ပွဲကို ကျင်းပခဲ့ပါတယ်။ လက်ထပ်ပွဲမှာ ဘုရင် မဟာ ဗာဂျီယာလောင်ကွန်းက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ပြီး မိဖုရားတင်မြှောက်ခံသူ ဗိုလ်ချုပ် စုသီတာ ဗာဂျီယာလောင်ကွန်း နာ အယုဒ္ဓယ ဟာ ထိုင်းရိုးရာပိုးဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ လေယာဉ်မယ်ဟောင်း ဖြစ်သူ ဗိုလ်ချုပ် စုသီတာ ဗာဂျီယာလောင်ကွန်း နာ အယုဒ္ဓယ ဟာ အခုတော့ မိဖုရား စုသီတာ ဖြစ်သွားပြီဖြစ်ပါတယ်။ 

 

mdn

 

ဗာဂျီယာလောင်ကွန်းရဲ့ အရင်က ကြင်ယာတော် ၃ ယောက်ကို  ဂျာမနီနိုင်ငံမှာပဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ 
ခန့်မှန်းလို့ မရနိုင်တဲ့ ဘုရင် မဟာဗာဂျီယာလောင်ကွန်းဟာ ချာကရီမင်းဆက်ရဲ့ ၁၀ ယောက်မြောက်ဘုရင်အဖြစ် မကြာမီ နန်းတက် ဘိသိက်ခံမှာဖြစ်ဖြစ်ပါတယ်။ ဘိသိက်ပွဲကို စနေနေ့က စတင်ပြီး ၃ ရက်ကြာ ကျင်းပမယ်လို့ သိရပါတယ်။ 

 

ဘိသိက်ခံယူပွဲမှာ မိဖုရား စုသီတာ ဘယ်အဆင့်အတန်းသတ်မှတ်ချက်ကနေ ပါဝင်မယ်ဆိုတာ ရှင်းရှင်းလင်းမသိရကြောင်း သတင်းမှာ ရေးသားထားပါတယ်။ 

 

MND
ကိုးကား - AFP