၁။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ဆောင်ရွက် လျက်ရှိရာတွင် အောက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဂ)ပါ ညစ်ညမ်းစာများကိုဖော်ပြခြင်း စည်းကမ်းချက်ကို ဖောက်ဖျက်၍ ဟီရိဩတ္တပ္ပကင်းသော၊ မြန်မာ့လူ့အဖွဲ့အစည်းက လက်မခံသော၊ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့်ခံစားနားလည်မှုကို လွဲမှားစေနိုင်သော အကြောင်းအရာများကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင်း တွေ့ရှိရပါသည်-
၂။ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ဝေစာများအား ဖတ်ရှုလေ့လာစိစစ်၍ ကြပ်မတ်စိစစ်လျက် ရှိပါကြောင်းနှင့် အဆိုပါ ဥပဒေစည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သော အထက်ဖော်ပြပါ ပုံနှိပ်သူနှင့်ထုတ်ဝေသူတို့အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများအတွင်း လုပ်ငန်းအသိအမှတ်ပြု လက်မှတ်များကို ရုပ်သိမ်းခြင်း၊ ထုတ်ဝေစာအုပ်များကို တရားမဝင် ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာခြင်း၊ ဥပဒေနှင့်အညီ တရားစွဲဆိုခြင်းများကို ဆောင်ရွက် လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ ပုံနှိပ်သူနှင့်ထုတ်ဝေသူများသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစား လိုက်နာကြရန်နှင့် ဥပဒေပါစည်းကမ်းချက်များကိုဖောက်ဖျက်၍ ပုံနှိပ်၊ ထုတ်ဝေခြင်းများကို ပြုလုပ်ပါက ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန