ညောင်လေးပင်    ဖေဖော်ဝါရီ   ၁၀

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ကျားချောင်းကျေးရွာ  မဏိမဏ္ဍလာဇေယျုံကျောင်းတိုက်မှ သာမဏေကျော် သာသနဓဇဓမ္မာ စရိယ၊ ဝိနယဓရ၊ ဝိနယကောဝိဒ၊ ဒီဃဘာဏယ၊ ဒွိပိဋကဓရ၊ (ပိဋကတ်နှစ်ပုံဆောင်)၊ သာသနာ့အာဇာနည်   အရှင်သီလာနန္ဒာလင်္ကာရအား ပုနောပသမ္ပဒ ကံထပ်အလှူတော်နှင့် ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက်က ကျင်းပသည်။ 

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မအူတန်းပဝါရဏာဂိုဏ်း အဓိပတိဆရာတော်ထံမှ ငါးပါးသီလခံယူတည်ဆောက်ခဲ့ကြသည်။ 

ထို့နောက် နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့ အကျိုး​​တော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ ဘဒ္ဒန္တသီရိကစ္စဏာဘိဝံသ အရှင်မြတ်က​ကျေးဇူးတင်စကား မိန့်ကြားပြီး ​ညောင်​လေးပင်ခရိုင် စီမံခန့်ခွဲ​ရေးနှင့် အုပ်ချုပ်​ရေး​ကော်မတီအဖွဲ့ဝင် ဦးလှမြင့်က သာသနာ​ရေးဆိုင်ရာများ ဖတ်ကြား​လျှောက်ထားပြီး  အပူဇော်ခံ ဆရာတော် သာသနာ့အာဇာနည်   အရှင်သီလာနန္ဒာလင်္ကာရအား  ဘွဲ့လက်မှတ်အ​ဆောင်အ​ယောင်များ ဆက်ကပ်ပူ​ဇော်ခဲ့ကြောင်း သိရသည်။       

နေလင်း(ညောင်လေးပင်)