ညောင်လေးပင် ၂၉ ဇွန်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် သမဝါယမအသင်းစုလီမိတက် လယ်ယာဝန်ဆောင် မှုလုပ်ငန်းခွဲမှ အသင်းပိုင် Daedong 90Hp (၄)စီးဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ညောင်လေးပင်မြို့နယ်အတွင်းရှိ မဒေါက်ကျေးရွာ စံပြတောင်သူစိုက်ပျိုးရေးနှင့် အထွေထွေ စီးပွားရေး သမဝါယမအသင်းမှ စိုက်ဧက(၂၃၇၀)ဧကကိုလည်းကောင်း၊ ညောင်ပင်ကြီးကျေးရွာ ကရင်စုသီးသန့်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ စိုက်ဧက(၅၄၁)ဧကကို လည်းကောင်း၊ ဆွဲဒလွဲကျေးရွာ ရွှေတိုးစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ စိုက် ဧက(၁၃၁၄)ဧကကိုလည်းကောင်း၊ အင်းကပ္ပလိပ်ကျေးရွာ ဇွဲရွှေဝါစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမ အသင်းမှ စိုက်ဧက(၉၆၀)ဧကကိုလည်းကောင်း၊ စုစုပေါင်း စိုက်ဧက (၅၁၈၅)ဧကကို ထွန်ယက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် ၁၈ ဘမ်းဖြင့် ထွန်ယက်ပါက တစ်ဧကလျှင် ငွေကျပ်(၁၀၀၀၀)နှုန်း၊ ၇ ဘမ်းဖြင့် ထွန်ယက်ပါက ငွေကျပ် (၁၅၀၀၀)နှုန်းဖြင့် ထွန်ယက်ပေးလျက်ရှိကြောင်း သမဝါယမဦးစီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)


