ညောင်လေးပင် ၁၀ ဇွန်

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေးပို့ထောက်ပံ့သော ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို မြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားကျောင်းသူများအား ဇွန် ၁၀ ရက်နေ့က စာသင်ကျောင်းများ အရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးဝင်းက ယခုထောက်ပံ့သောပစ္စည်းများသည် မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှ ကူညီထောက်ပံ့ပေးကြောင်းကို ရှင်းလင်းပြောကြားသည်။

 

ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်ပညာရေးမှူး ဒေါ်သီတာမြင့်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဒေါက်တာမြင့်သန်းနှင့် အလုပ်အမှုဆောင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးစိုးဝင်းနှင့်တပ်ဖွဲ့ ဝင်များက မူလွန်-ဆိပ်ပြန်ကြီး၊ မူလွန်-ကြားတောရ၊ မူလွန်-ထူပါရိပ်ငြိမ်၊ မူလွန်-ခလရ (၂၆၄)နှင့် မူလွန်-ငှက်ပျောတောစုကျောင်းများသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူ ၄၀ဝ ဦးအား ဗလာစာအုပ် ဒါဇင် ၄၀ဝ၊ ခဲတံ ဒါဇင် ၄၀ဝ၊ ဝတ်စုံ ဒါဇင် ၄၀ဝ နှင့် မိုးကာအင်္ကျိ ဒါဇင် ၁၀ဝ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

mdn

 

ခင်အောင်လှိုင်(ညောင်လေးပင်)