ညောင်လေးပင် ဇွန် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင် မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ညောင်လေးပင် ဘဏ်ခွဲ)မှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့ နံနက်ပိုင်းက အဆိုပါဘဏ်ခွဲတွင် ထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဒေါ်သန်းသန်းဌေးက ရှေးဦးစွာ တောင်သူများအား မိုးစပါး စိုက်ပျိုး စရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေး ပေးလျက်ရှိကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာသုံးစွဲစေရေး တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဝါးရုံကုန်းကျေးရွာနှင့်ထော်နွတ် ကျေးရွာအုပ်စုမှ တောင်သူ(၁၁၁)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၈၅၀)ဧကအတွက် ကျပ် ၁၂၇၅ သိန်းကို တောင်သူများ လက်ဝယ် အရောက် ထုတ်ချေးပေးခဲ့သည်။
လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေးအတွက် နိုင်ငံတော်မှ နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ အဆိုပါ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင် ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း ကြွေးကျန်များပေးဆပ်ပြီးပါက ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။
မြို့နယ်ပြန်ဆက်