ညောင်လေးပင် မေ ၂၈

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်မြေဩဇာ လျှော့ချသုံးစွဲနိုင်သော နည်းလမ်းများ ပညာပေးဆွေးနွေးပွဲနှင့် ဇီဝမီးသွေး (Biochar) လက်တွေ့သရုပ်ပြပွဲကို မေ ၂၈ ရက်က ပြွန်တန်ဆာမြို့ စိုက်ပျိုးပညာပေးစခန်း (KC) ၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းအောင်ဆန်းက ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးနှင့် သဘာဝမြေဩဇာများ ပြုလုပ်သုံးစွဲရေး နည်းပညာများ ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်ငြိမ်းငြိမ်းစန်းက သီးနှံအထွက်နှုန်းမထိခိုက်စေသည့် ဓာတ်မြေဩဇာလျှော့ချသုံးစွဲနိုင်သော နည်းလမ်းများအား ဆွေးနွေးပြောကြားသည်။ 

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံ တောင်သူများအား ဇီဝမီးသွေး (Biochar) ပြုလုပ်သုံးစွဲခြင်းကို လက်တွေ့သရုပ်ပြသခဲ့သည်။

နေလင်း(ညောင်လေးပင်)