ညောင်လေးပင် ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၌ သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ (နေကြာ) အား သမဝါယမအသင်း ခြောက်သင်း၊ အသင်းသား ၅၇ ဦး၊ စိုက်ဧက ၁၅၀ တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအနေဖြင့် နေကြာစံပြစိုက်ခင်း ၁၀ ဧက စိုက်ပျိုးထားရှိသည်။
အဆိုပါနေကြာစံပြစိုက်ခင်းများမှ နေကြာပင်များကို ရုရှားသဘာဝမြေဩဇာများ ပက်ဖျန်းခြင်းနှင့် လိုအပ်သော ကြားပေါင်းလိုက်ခြင်း၊ အပင်သားခွဲခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ နေကြာစံပြစိုက်ခင်းအတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် မြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပေါင်းစပ်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်