ညောင်လေးပင် ဇန်နဝါရီ ၂၀
 
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်ရှိ လျှပ်စစ်ပစ္စည်းရောင်းချသောဆိုင်များ၌ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများအား သင့်တင့်မျှတသော စျေးနှုန်းဖြင့် ရောင်းချနေခြင်း ရှိ၊မရှိကို စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။ 

လိုက်လံစစ်ဆေးရာတွင် စျေးကွက်အတွင်းဆိုလာနှင့် ဆက်စပ်ပစ္စည်းများ အမျိုးအစားအလိုက် ဝယ်စျေး၊ ရောင်းစျေး၊ အမြတ်ရာခိုင်နှုန်းနှင့် စျေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ဆိုလာပစ္စည်းအမျိုးအစားအလိုက် တစ်လပျမ်းမျှ ရောင်းချနိုင်မှု အခြေအနေတို့အား စာရင်းပြုစုရယူခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်သိုက်၊ စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြို့နယ်ပြန်ဆက်