ရန်ကုန်၊ ဇွန် ၁၉

 

ရန်ကုန်တိုင်းဒေသကြီး ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် ဦးဆောင်ကော်မတီ အဖွဲ့ဝင်၊ စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးနှင့် ညောင်နှစ်ပင စိုက်ပျိုးမွေးမြူရေးအထူးဇုန် လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း တို့သည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နံနက်ပိုင်းက မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်အတွင်းရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်သို့ သွားရောက်၍ ဇုန်ဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး၍ ကြီးကြပ်ဆောင်ရွက်ပေးကြသည်။

 

ရှေးဦးစွာ လှည်းကူးမြို့နယ် ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူးရေးအထူးဇုန်၊ ဇုန်(၃)အတွင်း စိုက်ပျိုးမွေးမြူးရေးခြံများ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထိုမှတဆင့် မှော်ဘီမြို့နယ်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညောင်နှစ်ပင်စိုက်ကွင်း အစည်းအဝေးခန်းမသို့ သွားရောက်၍ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်၊ ဇုန်အလိုက် အနီးကပ် ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဇုန်စီမံခန့်ခွဲရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများကို ညှိနှိုင်းဆွေးနွေးသည်။

 

ဆက်လက်၍ ဇုန် (၁) (၂) (၃) တို့မှ တာဝန်ရှိသူများက ဇုန်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်နှင့် သယံဇာတ ရေးရာဝန်ကြီးတို့က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးနေသွေးက ဇုန်လုံခြုံရေးကိစ္စရပ်များအား ရှင်းလင်းတင်ပြရာ မြို့တော်ဝန်နှင့်ဝန်ကြီးတို့က လိုအပ်သည်များ မှာကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဇုန်တာဝန်ရှိသူများကို လုံခြုံရေး ကိစ္စရပ်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

mdn

 

ယင်းနောက် မြို့တော်ဝန်၊ ဝန်ကြီးနှင့်အဖွဲ့သည် ဇုန်(၂) M-7 လမ်းတလျှောက် စိုက်ပျိုးမွေးမြူးရေးခြံများ လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ အထူးဇုန် (၁) ဟင်းသီးဟင်းရွက် လက်ကားဈေးတည်ဆောက်မည့် မြေနေရာသို့ သွားရောက်၍ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ လက်ကားဈေး အဆောက်အဦများနှင့် စိုက်ခင်းပြုလုပ်မည့် မြေနေရာများကိုလည်းကောင်း၊ လမ်းဦးစီးဌာနနှင့် ကျေးလက်လမ်း ဦးစီးဌာနတို့ ပူးပေါင်း၍ ညောင်နှစ်ပင်အဝင်လမ်း လမ်းသားတို့ချဲ့၍ အပင်များ အလင်းဖွင့်နေမှုနှင့် ဂျိုးဖြူ ပိုက်လိုင်းဖြတ် Box Culvert ကို အကျယ် ၂၆ ပေ ထိ ရရှိအောင် တိုးချဲ့ပြုပြင်တည် ဆောက်နေမှုကိုလည်းကောင်း၊ ပြည်လမ်းမှ ညောင်နှစ်ပင် အဝင်ဆတ်သွားတောလမ်းဆုံတွင် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ မူလအကျယ် ၁၀ ပေ ကတ္တရာလမ်း ကွန်ကရိ ထပ်ပိုးလွှာ ခင်းကျင်းနေမှုနှင့် လမ်းဆုံ တြိဂံကျွန်း ပြုပြင်တည်ဆောက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်