မိုးညို   ၂၇ ဖေဖော်ဝါရီ    
    

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ် ဖန်ခါးပင်အုပ်စု၊ ညောင်ပင်ကားယား ကျေးရွာတာဘေးရှိ နေအိမ်တစ်လုံးတွင် ဖေဖော်ဝါရီ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်က ဆိုလာပြားအားသွင်းရာမှ ရှော့ဖြစ်၍ နေအိမ်အား မီးစွဲလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
  

ဖန်ခါးပင်အုပ်စု၊ ညောင်ပင်ကားယားကျေးရွာ တာဘေးတွင် နေထိုင်သူ ဦးမျိုးညွန့် (၄၁)နှစ်၊ တောင်ယာလုပ်ကိုင်သူ၏ (၃ X ၃)သက္ကယ်မိုး၊ ထရံကာ၊ မျောတိုင်နှင့် ဆောက်လုပ်ထားသော နေအိမ်ခေါင်မိုးတွင် တင်ထားသည့် ၈၀ ဆိုလာပြား၏ အားသွင်း ကြိုးမှ ရှော့ဖြစ်၍ ခေါင်မိုးမှတဆင့် နေအိမ်အား မီးစွဲလောင်ကျွမ်းခဲ့သဖြင့် ကျေးရွာနေပြည်သူ(၅၀)ဦးခန့်တို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ 
                                                                        

ကိုမင်း(မိုးညို)

 

123