ညောင်ရွှေ ၂၅ ဇူလိုင်
ညောင်ရွှေ သက်မွေးပညာသင်တန်းကျောင်းတွင် စောင့်ကြပ်ကြည့်ရှုမှုခံယူနေသူ (၂၇)ဦးအား ဓာတ်ခွဲစစ်ဆေးမှု အဖြေအရ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိသဖြင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ ယနေ့ နံနက်ပိုင်းက ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသွားအလာ စောင့်ကြပ်ကြည့်ရှုမှုခံယူခဲ့သူ (၂၇)ဦးမှာ ဟိုပုံးမြို့နယ်မှ ၁ ဦး၊ ဆီဆိုင်မြို့နယ်မှ ၄ ဦး၊ တောင်ကြီးမြို့နယ်မှ ၄ ဦး၊ နမ့်စန်မြို့နယ်မှ ၁ ဦး၊ ရပ်စောက်မြို့နယ်မှ ၁ ဦး၊ ကျောက်တလုံးကြီးမြို့မှ ၂ ဦး၊ ညောင်ရွှေမြို့နယ်မှ ၁ ဦး၊ မောက်မယ်မြို့နယ်မှ ၂ ဦး၊ လားရှိုးမြို့နယ်မှ ၅ ဦး၊ ပင်းတယမြို့နယ်မှ ၄ ဦးနှင့် မိုးနဲမြို့နယ်မှ ၂ ဦး ဖြစ်ကြောင်း သိရသည်။
၎င်းတို့အား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ မြို့နယ်များသို့ မော်တော်ယာဉ်များဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအယ်ဘဲ(ပြန်/ဆက်)


