ညောင်ရွှေ ဇူလိုင် ၅
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းသည့် သုတ၊ ရသစာအုပ်များ လှူဒါန်းပွဲကို ဇူလိုင် ၄ ရက်က ညောင်ရွှေ အကျဉ်းထောင် ပြည်ငြိမ်းအေးခန်းမ၌ ပြုလုပ်သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူးနှင့် အလှူရှင်များက စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းကြရာ အကျဉ်းဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးဝင်းနိုင်လင်းနှင့် တာဝန်ရှိသူများ လက်ခံရယူခဲ့သည်။
စိုင်းအယ်ဘဲ


