ညောင်ရွှေ     ဧပြီ    ၃၀

 

အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ (ပါရာဇိကဘာရပ်) ဖြေဆိုခြင်းကို ဧပြီ ၃၀ ရက် မွန်းတည့် ၁၂ နာရီက  ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ စတင်ကျင်းပခဲ့သည်။

 

အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် ညောင်ရွှေစာဖြေဌာနမှ  သံဃာတော် ၃၅ ပါး စာရင်းပေးသွင်းထားပြီး ၂၅ ပါးဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုကို စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှူး ဦးထက်ဇော်ထွေးနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ