ညောင်ရွှေ ၁၉ ဧပြီ

 

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ဈေးဝယ်သူများနှင့် ဈေးရောင်းသူများ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ ဝယ်ယူမှုမရှိစေရန်အတွက်  ယာယီစျေးအဖြစ် ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ စီမံကြီးကြပ်မှုဖြင့် နေ့စဉ် နံနက် ၆ နာရီခွဲမှ ၁၀ နာရီအထိ ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

 

ယာယီစျေးသို့ လာရောက်ရောင်းချ ဝယ်ယူသူများကို ကွင်းအတွင်းသို့ မဝင်ရောက်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask) နှင့် လက်အိတ်များ ဝတ်ဆင်၍ ရောင်းချ ဝယ်ယူခွင့်ပြုထားကြောင်း၊ ယာယီစျေးတွင် ကုန်စိမ်းနှင့် သားငါးတို့ကို သီးခြားစီ နေရာခွဲခြား၍ ရောင်းချရန် စီစဉ်ထားပြီး ကုန်စိမ်းရောင်းချသူများကို တစ်ဦးနှင့် တစ်ဦး ၁၀ ပေအကွာအဝေးထားရှိ၍ ရောင်းချနိုင်ရန် စီစဉ်ပေးထားကြောင်း၊ သားငါးရောင်းချသူများကိုလည်း မော်တော်ယာဉ်နှင့် တွန်းလှည်းများပေါ်တွင်တင်၍ ပေ ၂၀ အကွာအဝေးခင်းကျင်း၍ ရောင်းချခွင့်ပြုထားကြောင်း သိရသည်။

 

နေမျိုးသူရိန် (ပြန်/ဆက်)